Strict Standards: Only variables should be assigned by reference in /home/genuinew/public_html/www-plmyae-net/plugins/system/kunenarating/kunenarating.php on line 50

Strict Standards: Only variables should be assigned by reference in /home/genuinew/public_html/www-plmyae-net/plugins/system/kunenarating/kunenarating.php on line 52

Strict Standards: Only variables should be assigned by reference in /home/genuinew/public_html/www-plmyae-net/templates/yougrids/yjsgcore/yjsg_core.php on line 26

Strict Standards: Only variables should be assigned by reference in /home/genuinew/public_html/www-plmyae-net/templates/yougrids/yjsgcore/yjsg_stylesw.php on line 16

Strict Standards: Only variables should be assigned by reference in /home/genuinew/public_html/www-plmyae-net/templates/yougrids/yjsgcore/yjsg_core.php on line 241
Home

Strict Standards: Only variables should be assigned by reference in /home/genuinew/public_html/www-plmyae-net/templates/yougrids/html/mod_menu/default.php on line 17
User Rating:  / 2
PoorBest 
Written by မိုးခက်နွယ်
ROOT» Category: NOTES
Published on 22 August 2014 Hits: 31448
Print

မာယာ သည် လှသော မိန်းခလေး မဟုတ်ပါ။

မာယာ သည် ၀သော၊ ပုသော ကောင်မလေး ဖြစ်သည်။ ပါးနှစ်ဖက်တွင် အခါမလပ် ၀က်ခြံများနှင့် ကောင်မလေး ဖြစ်သည်။ လက်ချောင်း၊ ခြေချောင်းလေးများ သွယ်လျသူ ဖြစ်သည်။ စိတ်ရှုပ်တိုင်း ဆံပင်ညှပ်ဆိုင် သွားတတ်သူ ဖြစ်သည်။ လက်သည်း ခြေသည်း ပုံဖော် အလှဆင်လေ့ရှိသူ ဖြစ်သည်။ မာယာသည် ညစ်ညစ်ပတ်ပတ်လည်း နေတတ်သည်။ သတိလက်လွတ် နမော်နမဲ့လည်း နိုင်လွန်းလှသည်။ လက်သည်း ခြေသည်း မကြာခဏ ကျိုးတတ်သည်။ တစ်ခါတစ်ရံ လက်ချောင်း ခြေချောင်းများ ပိုးဟပ် အကိုက်ခံရတတ်သေးသည်။ မာယာသည် စိတ်ဆိုးလွယ်သူ ဖြစ်သည်။ မာယာသည် သီးညည်း အလွန်ခံတတ်သူလည်း ဖြစ်သည်။ မာယာသည် ဖုန်းအကြာကြီး ပြောရတာ နှစ်ခြိုက်သည်။ မာယာသည် လူတွင်ကျယ်လုပ်ရတာ သဘောကျသည်။

မာယာသည် ပရိယာယ်များသည်။ သြဂတ်လတွင် မာယာသည် မိုးပေါ်က ကျလာသည်။ မာယာသည် မြင်းသည်ကျော် ထောင့်ငါးရာနှင့် စစ်တလင်းကို ပန်းခင်းသည်။ သက်တန့်တို့ ညွှတ်ဆင်း၍ နေ၀န်းတို့ ရွှန်းမြသည်။ ငှက်အပေါင်း သြဘာပေးလျက်၊ စမ်းချောင်းတို့ တသွင်သွင် လှုပ်ခတ် ရစ်ခွေသည်။ လေပြည်သည် ချိုရီသော မာယာ့ ကိုယ်သင်းနံ့ကို အရပ် ၈ မျက်နှာ ဖြန့်ကျက် မွှေးကြူစေသည်။ မာယာသည် ကျနော့် ကောင်းကင်တွင် တိမ်တစ်အုပ် ဖန်းဆင်းလေသည်။

မာယာသည် ခလေးဆန်သည်။ မာယာသည် လူကြီးဆန်သည်။ မာယာသည် ချစ်သူ ဆန်သည်။ မာယာသည် မိန်းမ ဆန်သည်။ မာယာသည် ပညာရှိ ဆန်သည်။ မာယာသည် မိုက်ရူးရဲ ဆန်သည်။ မာယာ သည် ဆိုးနွဲ့သည်။ မာယာသည် ယုယ သည်။ မာယာသည် မာယာများသည်။ မာယာသည် အဖြူထည် သပ်သပ်လေး ဖြစ်သည်။ မာယာသည် ပန်းနုရောင်လေး ဖြစ်သည်။ မာယာသည် အပြာဖျော့ဖျော့ အရောင်လည်း ဖြစ်သည်။ မာယာသည် အစိမ်းရင့်ရင့် ဖြစ်သည်။

မာယာသည် ပရိယာယ်များသည်။ သြဂတ်လတွင် မာယာသည် စွန့်ခွာသွားသည်။ မာယာသည် မာန်နတ်၏ လက်ရုံးတစ်ထောင် ခြံရံလျှက် ပန်းခင်းလမ်းကို စစ်သွေးလွှမ်းစေသည်။ မိုးကြိုး ထစ်ခြုံး၍ မြေတစ်ခွင်လုံး တုန်ဟီးသည်။ ပန်းတို့ ကြွေ၍ ရေတို့ ခမ်းခြောက်၏။ မုန်တိုင်းသည် မယာ့ ကိုယ်သင်းနံ့ကို ပျောက်လွင့်စေငှာ ကြမ်းစွာ တိုက်သည်။ မာယာသည် ကျနော့် ငရဲကို ဆေးရောင်ခြယ်သပေးလေသည်။

မာယာ သည် အတိတ် ဖြစ်သည်
မာယာ သည် ပစ္စုပ္ပန် ဖြစ်သည်
မာယာ သည် အနာဂတ် ဖြစ်သည်

မာယာ သည် အဆိပ် ဖြစ်သည်
မာယာ သည် အိပ်မက် ဖြစ်သည်
မာယာ သည် မျှော်လင့်ချက် ဖြစ်သည်

မာယာ သည်။

 


မာယာ | မိုးခက်နွယ်

Add comment


Security code
Refresh

 

Find us on Twitter

Can't get data from Twitter at the momment!


Strict Standards: Only variables should be assigned by reference in /home/genuinew/public_html/www-plmyae-net/modules/mod_ot_minitabs/mod_ot_minitabs.php on line 21
  • NOTES
  • TECHNICAL
  • FUNNY
  • INTERVIEW

Strict Standards: Only variables should be assigned by reference in /home/genuinew/public_html/www-plmyae-net/modules/mod_socialmedialinks/mod_socialmedialinks.php on line 14
You are here:   Home

We have 4 guests and no members online

Copyright © 2010 - 2016 Pan Laung Myae | All Rights Reserved.
Inspired by Moe Khet Nwe | White Family (Online & Offline Friends) | White Family's Forum